ညောင်ဦးမြို့နယ်တွင် နွေစပါးစံပြကွက်ရိတ်သိမ်း၊ စပါးအစို ပျှမ်းမျှ (၁၄၉.၆၉) တင်းထွက်ရှိ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း စိုက်ပျိုးခဲ့သည့် နွေစပါး ၂၈၈ ဧကအနက် အောက်ညဉ့်အုပ်စု၊ ကွင်းအမှတ် (၁၃၄၄) ဦးပိုင်၊ ၁၉၃/၁ တောင်သူ ဦးလှဌေး၏လယ်ယာမြေရှိ နွေစပါး (R.S–C.S) မျိုးစေ့ထုတ်စံပြကွက်စိုက်ခင်းတွင် အထွက်နှုန်းကိုယ်စားပြုစံကွက် (၀.၀၀၁) စံကွက်(၃)ကွက်ကို ယမန်နေ့နံနက် ၈ နာရီခွဲက ရိတ်သိမ်းခဲ့သည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာများနှင့်ပတ်သက်၍ အသိပေးရှင်းလင်းဆွေးနွေးပွဲကို၊ ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း  သိရသည်။

လှိုင်မြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က လှိုင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ ခပေါင်းအိမ်ယာနှင့်ရတနာလမ်းသို့လည်းကောင်း၊ အမှတ်(၁၅)ရပ်ကွက်ရှိ အမှတ်(၈)သစ်စက် ဝန်ထမ်းအိမ်ရာများသို့လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် သန်းခေါင်စာရင်းကော်မတီမှဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပညာရေးငွေစုငွေချေး သမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပညာရေးငွေစုငွေချေး သမဝါယမအသင်း လီမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ သဘာပတိမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးအရာရှိ ဦးစိုးနိုင်က အမှာစကား ပြောကြားသည်။

ကျောက်ဆည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ  အတုလဝတီသီလရှင်ကျောင်းနှင့် မသန်စွမ်းအမျိုးသမီး(၂)ဦးတို့အား ဆွမ်းဆန်နှင့်ထောက်ပံ့ငွေများ၊ ပစ္စည်းများ ထောက်ပံ့လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များသည် ယနေ့နံက်(၁၀)နာရီက အတုလဝတီသီလရှင်ကျောင်းနှင့်  မသန်စွမ်းအမျိုးသမီး(၂)ဦးအား ဆွမ်းဆန်နှင့်ထောက်ပံ့ငွေများ၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ပြည်သူများအား သက်သာသောနှုန်းထားဖြင့် စားသုံးဆီများ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြည်သူများအား သက်သာသောနှုန်းထားဖြင့် စားသုံးဆီများကို စုရပ်နေရာအသီးသီတွင် ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ပြီး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်း၊ အမှတ်စဥ်(၂၂ ) ဖွင့်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်း၊ အမှတ်စဥ်(၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ်(၂)တွင် ကျင်းပသည်။
Subscribe to