မင်းလှမြို့နယ်တွင် တိရစ္ဆာန်အစာ ကောက်ရိုးအား တန်ဖိုးမြှင့်အစာအဖြစ် ပြုပြင်ကျွေးမွေးနည်းစနစ်များကို တောင်သူပညာပေးသရုပ်ပြခြင်း ဆောင်ရွက်

အထက်မင်းလှ  ဩဂုတ် ၁

‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်မွေးမြူ‌ရေးနှင့်ကုသ‌ ရေးဦးစီးဌာနမှ ‌တောင်သူများအား တိရစ္ဆာန်အစာပေါများစေရန်နှင့် ဒေသထွက်တိရစ္ဆာန်အစာများအား တန်ဖိုးမြှင့်တိရစ္ဆာန်အစာအဖြစ်  ပြုပြင်ကျွေးမွေးနိုင်ရေးအတွက်   ကောက်ရိုးကို စနစ်တကျထုတ်ပိုးသိမ်းဆည်းခြင်း၊ ကောက်ရိုးချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်းနည်းစနစ်များကို တောင်သူပညာပေးသရုပ်ပြအဖြစ် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉)နာရီက မွေးမြူ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။ 

‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရှေးဦးစွာ‌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ‌ ‌‌‌‌‌‌‌‌‌‌ဒေါက်တာပွင့်မြတ်နိုးသိမ့်က တောင်သူများအား တိရစ္ဆာန်အစာကို တန်ဖိုးမြှင့်ပြုပြင်ကျွေးမွေးခြင်းနည်းစနစ်များ၊ ရရှိနိုင်မည့် အကျိုးကျေးဇူးများအား အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တန်ဖိုးမြှင့်တိရစ္ဆာန်အစာအဖြစ် ပြုပြင်ကျွေးမွေးနိုင်ရေးအတွက် ကောက်ရိုးချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးကိုယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်းနည်းစနစ်များကို လက်တွ့သရုပ်ပြသ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ခြင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တောင်သူပညာပေးသရုပ်ပြသပွဲတက်ရောက်လာသည့် တောင်သူများအား ပြုပြင်ထားသော ကောက်ရိုးအိတ်များ၊ မွေးမြူရေးအတွက် အကျိုးရှိရှိအသုံးပြုနိုင်သည့် EM အရည်ဘူးများ၊ 50 kg အာဟာရ ပြည့်နွားစာအိတ်များကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)