ဖြူးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မှုအား ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာအုပ်စု၊ ဦးကြူးစုကျေးရွာ၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၃၂)ဦးကို ငွေကျပ် (၂၉)သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၃၅)ဦးကို ငွေကျပ် (၁၄)ဒသမ (၅)သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ (၆၇)ဦးအတွက် မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် (၄၃)ဒသမ(၅)သန်း ထုတ်ချေးပေးထားရာ ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းက  မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ထားမှုကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့ သန့်ရှင်းသာယာလှပစေရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ သန့်ရှင်းသာယာလှပ်ရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် မုတ်လွဲကျေးရွာတို့မှ အုပ်ချုပ်ရေးမှူများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား အလှူရှင်များမှထမင်းဘူးများ လာရောက်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ရေဘေးသင့်ပြည်သူများ ရွှေ့ပြောင်းနေထိုင်သည့် သာသနာ့အလင်းရောင်ကျောင်းတိုက်သို့ ယနေ့နံနက် ၁၁ အချိန်က ရေကြည်မြို့နယ် အလှူရှင်များနှင့် တာဝန်ရှိသူများမှထမင်းဗူးများ လာရောက်လှူဒါန်းခဲ့ကြသည်။

သနပ်ပင်မြို့နယ်၌ ရေကြီးရေလျှံမှုဖြစ်၍ အခြေခံပညာကျောင်း (၃၁) ကျောင်း ခေတ္တပိတ်ထားရ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ရေကြီးရေလျှံမှုစတင်ဖြစ်ပွားနေ၍ အခြေခံပညာကျောင်း (၃၁) ကျောင်း ခေတ္တပိတ်ထားရကြောင်းသိရသည်။

ကြံခင်းမြို့တွင် မွေးကင်းစမှအသက်(၁)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မွေးကင်းစမှ အသက်(၁)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိူး၊ မွေးမြူးရေးအထက်တန်းကျောင်း ရတနာခန်းမတွင်  ယမန်နေ့နံနက်ပိုင်းက မိုးရာသီ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ချောင်းသာမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သက်တမ်းရင့်သစ်ပင်ကြီး လဲကျမှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ဇူလိုင်လ(၃၁)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  အမှတ်(၃)ရပ်ကွက် လမ်းမကြီးပေါ်ရှိ သက်တမ်းရင့် ကုက္ကိုပင်ကြီးတစ်ပင် လူနေအိမ်အနီးသို့ လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

နဂါးရစ်တောင်ဆရာ‌‌တော်ဘုရားကြီး၏ သက်တော်(၆၇)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်အဖြစ် ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များ လာရောက်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် နဂါးရစ်တောင်ဆရာ‌‌တော်ဘုရားကြီး၏ သက်တော်(၆၇)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်အဖြစ် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားသည့်အတွက် ခေတ္တခိုလုံနေထိုင်ခွင့်ပြုထားသည့် ရွှေရေးဆောင်ကျောင်းတိုက်သို့ ယမန်နေ့နံနက်(၁၀)အချိန်က လာရောက်လှူဒါန်းခဲ့ကြသည်။

လေးမျက်နှာမြို့နယ် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေဝင်ရောက်မှုတို့ကြောင့် ရေနစ်မြုပ်အိမ်ထောင်စုများအတွက် ထမင်းထုပ်များလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးရေမြင့်တက်မှုနှင့် မြစ်ရေဝင်ရောက်မှုတို့ကြောင့် သခွတ်ချောင်းကျေးရွာအုပ်စု၊ ဗိုလ်ရုံစုကျေးရွာရှိ ရေနစ်မြုပ်အိမ်ထောင်စုများအတွက် ယမန်နေ့က ထမင်းထုပ်များလှူဒါန်းပေးခဲ့သည်။

နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် မိုးရာသီတွင် ဖြစ်ပွားတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိုးရာသီတွင် ဖြစ်ပွားတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
Subscribe to