ငါးသိုင်းချောင်းမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား အလှူရှင်များမှထမင်းဘူးများ လာရောက်လှူဒါန်း

ငါးသိုင်းချောင်း ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ရေဘေးသင့်ပြည်သူများ ရွှေ့ပြောင်းနေထိုင်သည့် သာသနာ့အလင်းရောင်ကျောင်းတိုက်သို့ ယနေ့နံနက် ၁၁ အချိန်က ရေကြည်မြို့နယ် အလှူရှင်များနှင့် တာဝန်ရှိသူများမှထမင်းဗူးများ လာရောက်လှူဒါန်းခဲ့ကြသည်။

ထို့နောက်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတဝန်ကြီးဦးအုန်းမြင့်မှ ဦးဆောင်၍ ရေကြည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းချစ်အေး၊ ရေကြည်မြို့နယ်အလှူရှင်များနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဝိုင်းဝန်းပူးပေါင်းကာ အိမ်ထောင်စု(၅၈)စုစာအတွက် ထမင်းဘူးများလှူဒါန်း၍ နေထိုင်ရမှုအဆင်ပြေစေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)