မင်းဘူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် သစ်ကိုင်းများကျိုးကျ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက်၊ သီးကုန်းတန်းရပ်၊ (၂)လမ်းတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးပတ်(၅)ပေခန့်နှင့် အမြင့်(၂၅)ပေခန့်ရှိ ကုက္ကိုပင်တစ်ပင် နေအိမ်သွပ်မိုးနှင့် လမ်းမီးကြိုးများပေါ်သို့ သစ်ကိုင်းများကျိုးကျနေကြောင်း သိရသည်။

ငွေဆောင်မြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့ ရုံးဝန်ထမ်းမိသားစုများ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ ယမန်နေ့ နံနက်ပိုင်းက မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်မင်းဦး၏ ဦးဆောင်မှုဖြင့် မြို့စည်ပင်သာယာရေး ရုံးဝန်ထမ်းမိသားစုများမှ ငွေဆောင်မြို့၊ အမှတ်(၂) ရပ်ကွက်၊ မရမ်းကုန်း သီလရက္ခိတကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဉူးကေလာသနှင့် သံဃာတော်(၂) ပါးအား ပင့်ဖိတ်၍   ဝါဆိုသင်္ကန်း၊ ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မော်လိုက်မြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လက်ဆွဲမျိုးစေ့ချ ကိရိယာပေးအပ်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ တောင်သူလယ်သမားများ လယ်စိုက်ပျိုး ရာတွင် အဆင်ပြေကြစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝယ်ယူရရှိသည့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder )ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ (၃၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဂိုဒေါင်ရှေ့တွင် ကျင်းပပြုလုပ်သည်၊၊

တံတားမြို့ အ‌‌ခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်‌စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က လူကုန်ကူးမှုဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ ရေကြီးနိမ့်မြုပ်သည့် ရေတွင်းများအား ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ရေကြီးနိပ့်မြုပ်သည့် ရေတွင်းများအား ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းကို ယမန်နေ့က တာဝန်ရှိသူများတို့မှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပင်လောင်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေပြည့်လျှံ‌နေသည့်နေရာများသို့ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ သွားရောက်ကြည့်ရှု

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နေရာအချို့တွင်   ရေပြည့်ရေလျှံမှုဖြစ်ပြီး လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်ခြင်း၊ ရပ်ကွက်ချင်းဆက်လမ်းမများပေါ် ရေပြည့်‌ရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အမရပူရမြို့ အိုးတော်ရပ်ကွက်ရှိ အိုးတော်အခြေခံပညာအလယ်တန်းကျောင်းတွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်၉နာရီခွဲအချိန်က အမရပူရမြို့၊ အိုတော်ရပ်ကွက်ရှိအိုးတော် အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

တောင်တွင်းကြီးမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ တောင်တွင်းကြီး ဩဂုတ် ၂ အေးမိုးမိုးမြင့်၊ ရန်နောင်စိုး

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ကျောင်းသားလူငယ်များ ဒေသန္တရဗဟုသုတဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲ မြိတ်တက္ကသိုလ်တွင် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ကျောင်းသားလူငယ်များ ဒေသန္တရဗဟုသုတဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲကို မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တက္ကသိုလ် ကျောင်းသား/သူ တိုင်းရင်းသားပေါင်းစုံမှ “ပြည်ထောင်စုရဲ့ထာဝရအလှ” တေးသီချင်းအကအလှဖြင့် ဟော‌ပြောပွဲကို ဖွင့်လှစ်ခဲ့ကြသည်။
Subscribe to