ဖြူးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မှုအား ကွင်းဆင်းစစ်ဆေး

ဖြူး  သြဂုတ်  ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာအုပ်စု၊ ဦးကြူးစုကျေးရွာ၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၃၂)ဦးကို ငွေကျပ် (၂၉)သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၃၅)ဦးကို ငွေကျပ် (၁၄)ဒသမ (၅)သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ (၆၇)ဦးအတွက် မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် (၄၃)ဒသမ(၅)သန်း ထုတ်ချေးပေးထားရာ ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းက  မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ထားမှုကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်နှင့်တာဝန်ရှိသူများ၊ မြစိမ်းရောင်စီမံကိန်းမတည်ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များသည် ဦးကြူးစုကျေးရွာ၏ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေများ၊ လအလိုက်ဖြည့်သွင်းရမည့် စာရင်းဇယားများ မှန်ကန်မှု ရှိ/မရှိအခြေအနေများ၊ စီမံကိန်းလက်စွဲပါ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် ဖြူးမြို့နယ်အတွင်း ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်းကျေးရွာ(၅၈)ရွာ၊ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) (၅)ရွာ ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)