နဂါးရစ်တောင်ဆရာ‌‌တော်ဘုရားကြီး၏ သက်တော်(၆၇)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်အဖြစ် ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များ လာရောက်လှူဒါန်း

ငါးသိုင်းချောင်း သြဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် နဂါးရစ်တောင်ဆရာ‌‌တော်ဘုရားကြီး၏ သက်တော်(၆၇)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်အဖြစ် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားသည့်အတွက် ခေတ္တခိုလုံနေထိုင်ခွင့်ပြုထားသည့် ရွှေရေးဆောင်ကျောင်းတိုက်သို့ ယမန်နေ့နံနက်(၁၀)အချိန်က လာရောက်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဆရာတော်ဘုရားကြီး၏ကိုယ်စား ဧရာဝတီတိုင်း‌‌‌ဒေသကြီး အစိုးရအဖွဲ့ သံယံဇာတ‌ရေးရာ ဝန်ကြီးဦးအုန်းမြင့်၊  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒါယိကာ၊ ဒါယိကာမများ ပူးပေါင်းကာ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ‌ခေါက်ဆွဲခြောက်များကို အိမ်ထောင်စု(၁၂၆)စုအတွက် လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)