ချောင်းသာမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သက်တမ်းရင့်သစ်ပင်ကြီး လဲကျမှုဖြစ်ပွား

ချောင်းသာ သြဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ဇူလိုင်လ(၃၁)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  အမှတ်(၃)ရပ်ကွက် လမ်းမကြီးပေါ်ရှိ သက်တမ်းရင့် ကုက္ကိုပင်ကြီးတစ်ပင် လူနေအိမ်အနီးသို့ လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်လဲကျမှု ဖြစ်ပွားရာသို့ ချောင်းသာမြို့ မီးသတ်ဦးစီးဌာနမှ မြို့မီးသတ်ဦးစီးမှူး ဦးချစ်သဲမောင်ဦးဆောင်မှုဖြင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းပြီး လဲကျနေသည့် သစ်ပင်ကြီးမှ လူနေအိမ်နှင့် မလွတ်ကင်းသည့် အကိုင်း၊ အခက်များကို ခုတ်ထွင်ရှင်းလင်းပေးခဲ့ကြပြီး သစ်ပင်လဲကျမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။

ချောင်းသာ(ပြန်/ဆက်)