လေးမျက်နှာမြို့နယ် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေဝင်ရောက်မှုတို့ကြောင့် ရေနစ်မြုပ်အိမ်ထောင်စုများအတွက် ထမင်းထုပ်များလှူဒါန်း

လေးမျက်နှာ ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးရေမြင့်တက်မှုနှင့် မြစ်ရေဝင်ရောက်မှုတို့ကြောင့် သခွတ်ချောင်းကျေးရွာအုပ်စု၊ ဗိုလ်ရုံစုကျေးရွာရှိ ရေနစ်မြုပ်အိမ်ထောင်စုများအတွက် ယမန်နေ့က ထမင်းထုပ်များလှူဒါန်းပေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့ပေါ်နေရပ်ကွက်များဖြစ်သော အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)ရက်ကွက်ရှိ အလှူရှင်များ ပူးပေါင်း၍ ဗိုလ်ရုံစုကျေးရွာတွင် မိုးရေမြင့်တက်နေမှုနှင့် မြစ်ရေဝင်ရောက်မှုကြောင့် ရေနစ်မြုပ်နေသော အိမ်ခြေ (၈၀)အား ထမင်းထုပ်များကို သွားရောက်လှူဒါန်းပေးခဲ့သည်။

လေးမျက်နှာမြို့နယ်အတွင်း မိုးရေနှင့် မြစ်ရေကြောင့် ရေနစ်မြုပ်နေသော အိမ်ထောင်စုများအတွက် အထောက်အပံ့ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ လိုအပ်သည်များကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းများ၊ ပရဟိတအဖွဲ့များနှင့် အလှူရှင်းများပူပေါင်း၍ လှူဒါန်းခြင်း၊ ထောင်ပံ့ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မိုးသက်ကို(ပြန်/ဆက်)