မော်လမြိုင်ကျွန်းမြို့နယ်တွင်  ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊မော်လမြိုင်ကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၆၆)ပုံစံနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့  နံနက်(၁၀) နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ပန်းတနော်မြို့နယ်၌ ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းလာသဖြင့် အခြေခံပညာကျောင်း(၁၃)ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်လည် ကျဆင်းလာသည့်အတွက် ယနေ့တွင် အခြေခံပညာကျောင်း(၁၃)ကျောင်း ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိပြီး အခြေခံပညာကျောင်း(၉၁)ကျောင်း ယာယီပိတ်ထားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အခြေခံပညာကျောင်းပေါင်းစုံဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဩဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းပေါင်းစုံ(အမျိုးသား/အမျိုးသမီး) ဘော်လီ ဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက  ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ရွှေပြည်သာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ထမင်းဘူးများဝေငှ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်၍ လူနေအိမ်များရေဝင်ရောက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စေတနာရှင်ပြည်သူများ၊ လူမှု‌ရေးအသင်းအဖွဲ့များမှ ပြည်သူများစားသောက်ရေးအဆင်ပြေစေရန် ထမင်းဘူးများကိုဝေငှပေးလျက်ရှိကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉  နာရီအချိန်ကကျင်းပခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ စက်လှေကိုင်တွယ် မောင်းနှင်ထိန်းသိမ်းမှု (မွမ်းမံ)သင်တန်းဆင်းပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ကော့သောင်းခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု (မွမ်းမံ)သင်တန်းအမှတ်စဉ် (၄/၂၀၂၄) ဆင်းပွဲအား ယနေ့နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးမှူးရုံး၊ အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ရာအခမ်းနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ကျိုက်လတ်မြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက်ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယ‌မန်နေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း(PPTT) အမှတ်စဉ်(၁၁/၂ဝ၂၄)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း(PPTT) အမှတ်စဉ်(၁၁/၂ဝ၂၄)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
Subscribe to