သနပ်ပင်မြို့နယ်၌ ရေကြီးရေလျှံမှုဖြစ်၍ အခြေခံပညာကျောင်း (၃၁) ကျောင်း ခေတ္တပိတ်ထားရ

သနပ်ပင် ဩဂုတ် ၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ရေကြီးရေလျှံမှုစတင်ဖြစ်ပွားနေ၍ အခြေခံပညာကျောင်း (၃၁) ကျောင်း ခေတ္တပိတ်ထားရကြောင်းသိရသည်။

သနပ်ပင်မြို့နယ်တွင် ယခုအခါ မိုးရွာသွန်းမှုများ၍ ပဲခူးစစ်တောင်းတူးမြောင်းစိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေသောကြောင့် သနပ်ပင်မြို့နယ်အထက်တန်းကျောင်း၊ ခရမ်းကျေးရွာအထက်တန်းကျောင်း၊ ကျန်အနိမ့်ပိုင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းလွန်ကျောင်းတို့ ခေတ္တပိတ်ထားရသည်။

အဆိုပါ ရေကြီးရေလျှံမှုများအား သနပ်ပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)