သန့်ရှင်းသောသောက်သုံးရေးများ ဖူလုံစွာသုံးစွဲနိုင်ရေး ကျောက်ဆည်မြို့နယ် တုံလုံကျေးရွာနှင့် ကောင်းတင်ကျေးရွာတို့တွင် ရေဂါလံ (၂၄၀၀)ဆံ့ အမြင့်ရေစင်များ ဆောက်လုပ်ပေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သန့်ရှင်းသောသောက်သုံးရေလွယ်ကူစွာ သုံးစွဲနိုင်ရေး တုံလုံကျေးရွာနှင့် ကောင်းတင်ကျေးရွာတို့တွင် ရေဂါလံ(၂၄၀၀)ဆံ့ အမြင့်ရေစင်များ ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။