ကံမမြို့၌ ရေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်

ကံမ ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း အမှုထမ်းများ ပူပေါင်းပါဝင်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့နံနက် (၈) နာရီက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကံမမြို့၊ အမှတ် (၃) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတလျောက်နှင့် ကမ်းနားလမ်းတစ်လျှောက် စုပေါင်းအမှိုက်ကောက်ခဲ့ကြပြီး မြစ်ကမ်းအနီးတွင် “ရေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမဖြစ်ပေါ်စေရေး၊ ရေနေသတ္တဝါများ၏ ဂေဟစနစ်မပျက်စီးစေ ရေးအတွက် စွန့်ပစ်အမှိုက်များအား မြစ်ချောင်းများအတွင်း စည်းကမ်းမဲ့ စွန့်ပစ်ခြင်းမပြုစေရေး” အသိပညာပေးဆိုင်းဘုတ်အား စိုက်ထူထားရှိပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)