တပ်ကုန်းမြို့နယ်၌ ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေး ဟောပြောပွဲကျင်းပ

တပ်ကုန်း ဇူလိုင် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်မြို့နယ် ကင်းသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြောခြင်း အခမ်းအနားကို နံနက် (၁၀) နာရီက အဆိုပါကျောင်းရှိ သရဖူစာသင်ဆောင်တွင်  ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်နှင့်စာဖတ်ခြင်းအကြောင်း၊ ခရိုင်အလုပ်ရုံနှင့်အလုပ်သမားဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နားမာနိုက အလုပ်သမားရေးရာအကြောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦးက ဌာနဆိုင်ရာများအကြောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဟိန်းအောင်ကျော်က မီးဘေးအန္တရာယ်အကြောင်း၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်နွယ်နီလင်းက ဥပဒေဆိုင်ရာအကြောင်း၊ အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်ဟန်ဇော်က လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးသန်းထိုက်အေင်က သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအကြောင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ဝင့်ရည်သန့်က လျှပ်စစ်သုံးစွဲမှု အန္တရာယ်အကြောင်း၊ အမှတ် (၁၀၁) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်ဇော်ညီညီလှိုင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ ရွှေမြို့နယ်မြေရဲစခန်းမှ ရဲအုပ်ထွန်းနိုင်ဝင်းက မှုခင်းကျဆင်းရေးအကြောင်းတို့ကို အသီးသီးဟောပြောခဲ့ပြီးနောက် အခြေခံပညာအထက်တန်းကျောင်း(ကင်းသာ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမျိုးနွယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဟောပြောပွဲအပြီးတွင် သက်ဆိုင်ရာဌာနမျာက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊ စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှိမ်နင်းရေး၊ ကလေးများအတွက် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်စိုးလွင်