သရက်မြို့ ၌ ခရီးသွားနှင့် ငြိမ်းချမ်းရေး လက်တွဲ တူယှဉ်ဖော်ဆောင်ပေးခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

သရက် ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် အထက်တန်းဆင့် ခရီးသွားနှင့် ငြိမ်းချမ်းရေး လက်တွဲတူယှဉ်ဖော်ဆောင်ပေး ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပခြင်းအခမ်းအနားကို ယနေ့ နံနက် (၉) နာရီက မြို့နယ်ပညာရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် အထက်တန်းဆင့် ခရီးသွားငြိမ်းချမ်းရေး လက်တူယှဉ်ဖော်ဆောင်ပေး ခေါင်းစဉ်ဖြင့် ပြိုင်ပွဲကျင်းပရာ မြို့ပေါ်အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၉) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)