တာလေ ဇူလိုင် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် တာချီလိတ်မြို့ အမှတ်(၁)လူကုန်မှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးရေး ပညာပေးဟောပြောပွဲကို နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က အ.ထ.က(တာလေ)ရှိ ချယ်ရီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တာချီလိတ်မြို့ အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်သန်းနိုင်မှ တရားမဝင်ရွှေ့ပြောင်းသွားလာခြင်း၊ ကုန်ကူးခြင်း၊ လူမှောင်ခိုခြင်းစသည့် အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရဲအုပ်ကျော်မင်းနိုင်မှလည်း လူကုန်ကူးမှုတားဆီနှိမ်နှင်းရေးဆိုင်ရာ ဥပဒေပုဒ်မ ပြစ်ဒဏ်များအကြောင်း၊ လူကုန်ကူးခံရနိုင်သည့်အခြေအနေများ၊ လူကုန်ကူးခံရသူတို့တွေ့ကြုံရသည့် အခက်အခဲဒုက္ခများ၊ လူကုန်ကူးမှုကျူးလွန်ကြံစည်သူတို့၏ ဖြားယောင်းသွေးဆောင်ရာတွေ အသုံးပြုသည့် နည်းပရိယာယ်များအကြောင်းစသည့်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထိုဟောပြောပွဲသို့ အ.ထ.က (တာလေ)ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆန်းနဲ့တကွ ဆရာ၊ ဆရာမ (၅)ဦး၊ ကျောင်းသား၊ ကျောင်းသူ (၁၇၃)ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရသည်။
မိုးလရောင်(ပြန်/ဆက်)