နတ်မောက်မြို့နယ်၌ ခွင့်ပြုရန်ပုံငွေဖြင့် နဒီလမ်းအနောက်ဘက်ခြမ်းအုတ်ရေမြောင်း ဆောက်လုပ်  

နတ်မောက် ဇူလိုင် ၂၉        

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များ၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် နဒီလမ်းအနောက်ဘက်ခြမ်း အုတ်ရေမြောင်းတူးဖော်ခြင်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါနဒီလမ်းအနောက်ဘက်ခြမ်း အုတ်ရေမြောင်းတူးဖော်ခြင်းကို ခွင့်ပြုရန်ပုံငွေ ၂၉ ဒဿမ ၆၄ ကျပ်သန်း အကုန်အကျခံကာ အရှည် ၂၃၁ ဒဿမ ၆၄ မီတာ၊ အကျယ် ၀ ဒဿမ ၄၆ မီတာနှင့် ထု ၀  ဒဿမ ၉၁ မီတာအား တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ နတ်မောက်မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ  မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်ရည်ရွယ်၍  ရေစီးရေလာကောင်းမွန်ရေးအတွက်  တူးဖော်ထားရှိသော ရေမြောင်းများအား ပြုပြင်ဆောင်ရွက်ခြင်း၊ လိုအပ်သည့်နေရာများတွင် အသစ်ထပ်မံတူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။

လှဝင်း