မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ ပညာရေးဖွံ့ဖြိုးမှုဘာသာရပ်များစွမ်းရည်ပြိုင်ပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာပညာရေးဒီဂရီကောလိပ်လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းအမှတ်စဉ်(၁၁/၂၄)၏ ပညာရေးဖွံ့ဖြိုးမှုဘာသာရပ်များ စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ၂နာရီအချိန်က အဆိုပါပညာရေးဒီဂရီကောလိပ် ပညာပါရမီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။