သင်္ဃန်းကျွန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစွာ သွားလာတတ်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၆) ယာဥ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရန်ကုန်-အရှေ့) အမှတ်(၃၈) ယာဉ်ထိန်းတပ်ဖွဲ့စု(သင်္ဃန်းကျွန်း)၏စီစဥ်မှုဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲကို သင်္ဃန်းကျွန်းမြိုနယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(သု၀ဏ္ဏ) သီရိသုဝဏ္ဏပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။