မြစ်သား သြဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွာသစ်ကျေးရွာ ကွင်းအမှတ် (၄၄၂)ရှိ တောင်သူဦးဇော်နိုင်၏ မိုးစပါးစိုက်ပျိုးမြေ(၃)ဧကတွင် (၁၀)တန်းသွားမျို့စေ့ချကိရိယာဖြင့် မိုးစပါး စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဆိုပါကွင်းသရုပ်ပြပွဲသို့ မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်မင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းနှင့်ဝန်ထမ်းများ၊ မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းစိုး၊ စက်မှု လယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရားကိုင်ထန်းနှင့် ဝန်ထမ်းများ မိုးစပါးစိုက်ပျိုးသည့် တောင်သူများတက်ရောက်ခဲ့ကြပြီး (၁၀)တန်းသွားမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)