ခရမ်းမြို့နယ်အသင်း(ရန်ကုန်)မှ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထာက်ပံ့ပေးအပ်ပွဲကျင်းပ

ခရမ်း  ဩဂုတ် ၁  

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌  ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ခရမ်းမြို့နယ်အသင်း(ရန်ကုန်)မှ  ဆရာ/ဆရာမစွမ်းဆောင်ရည်ဆုနှင့် အထက်တန်း၊ အလယ်တန်းအဆင့် ပညာသင်ထာက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ခရမ်းမြို့နယ် အ.ထ.က(၁) စိန်ရတုခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရမ်းမြို့နယ်အသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ အဖွင့်အမှာစကားပြောကြား၍ ခရမ်းမြို့နယ်ပညာရေးမှူး ဒေါ်အေးသစ်မှ ကျေးဇူးတင်စကား‌ပြောကြားခဲ့ပြီး ပညာသင်ထောက်ပံ့ကြေးပေးအပ်နိုင်ရေးနှင့် ဆရာ/ဆရာမများအား စွမ်းဆောင်ရည်ဆုပေးအပ်နိုင်ရန် ရွေးချယ်ပုံအဆင့်ဆင့်တို့ကို ရှင်းလင်းပြာကြားခဲ့သည်။

ထို့နောက် ခရမ်းမြို့နယ်အသင်း(ရန်ကုန်)မှ ထောက်ပံ့ပေးအပ်သော ဆရာ/ဆရာမစွမ်းဆောင်ရည်ဆု(၁၅)ဦးနှင့် ကျောင်းနေရန်ခက်ခဲသည့် တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၅၈)ဦးတို့အား ပညာသင်ထောက်ပံ့ကြေးများကို ခရမ်းမြို့နယ်အသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် အသင်းအလုပ်အမှုဆောင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးသစ်နှင့်တာဝန်ရှိသူများက စွမ်းဆာင်ရည်ဆုရ ဆရာ/ဆရာမများနှင့် ပညာသင်ထာက်ပံ့ကြေးရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား ပေးအပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ခရမ်းမြို့နယ်အသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့်အဖွဲ့ဝင်များ၊ ခရမ်းမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ ပညာသင်ထောက်ပံ့ကြေးရရှိကြသည့် တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်းများမှ ကျောင်းသား/ကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြပြီး ဆရာ/ဆရာမစွမ်းဆောင်ရည်ဆုနှင့် ပညာသင်ထောက်ပံ့ကြေး ကျပ်သိန်း (၂၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)