ညောင်ဦးမြို့နယ်၌ မဉ္ဇူသကနတ်ပန်းအခြေခံတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံမြို့ လောကနန္ဒာစွယ်တော်မြတ်စေတီဓမ္မာရုံ၌ မဉ္ဇူသကနတ်ပန်း အခြေခံတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ဖြူးချောင်းရေလှောင်တမံ ရေဝင်ရောက်မှုအခြေအနေနှင့် တမံနှင့်ဆက်စပ်အဆောက်အအုံများ၏ ကြံ့ခိုင်မှုကို စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြိုနယ်အတွင်း ရေသောက်ဧရိယာဧက(၉၀၀၀၀)ကို ရေပေးဝေနိုင်ရန်၊ မိုးရာသီကာလတွင် စစ်တောင်းမြစ်ဝှမ်း‌ ရေကြီးနှစ်မြုပ်မှုကိုကာကွယ်ရန်နှင့် ရေအားလျှပ်စစ်နှစ်စဉ်ကီလိုဝပ်နာရီ သန်း(၁၂၀)ထုတ်လုပ်ရန် တည်ဆောက်ထားသည့်  ဖြူးချောင်းရေလှောင်တမံသည် လက်ရှိအခြေအနေတွင် ကန်တွင်းရေအမှတ် R.L (434.70) ပေသို့ရောက်ရှိနေပြီး ကန်တွင်းရေလှောင်ပမာဏမှာ (၃၃၆၂၃၀) ဧကပေရှိပြီး အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု (Emergency Preparedness Plan) အရ မိုးတွင်းကာလတစ်​လျှောက်လုံး ရေလှောင်တမံ၊ ရေပိုလွှဲနှင့်ဆက်စပ်အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်းများ၊ (၂၄) နာရီပတ်လုံး ရေကင်းတာဝန်ချထားခြင်းများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး (၁)၊ လက်ထောက်ညွှန်ကြားရေးမှူး (၄)ရုံးမှ  အရာထမ်း၊ အမှုထမ်းများက ကြီးကြပ်လျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးမြင့်တက်မှုကြောင့် ယာယီပိတ်ထားသော ကျောင်း (၃၄) ကျောင်းမှ (၁၅) ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းများ မြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၃၄) ကျောင်းအား ယာယီပိတ်ထားခဲ့ရာမှ အခြေခံပညာကျောင်း (၁၅) ကျောင်းအား ယမန်နေ့ နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့၍ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဆက်လက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့တွင် အဖုံးပါအုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာ လှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ မိုးရေတိုက်စားမှုကြောင့် လမ်းများပျက်စီးမှု မရှိစေရေး၊ မြို့အင်္ဂါရပ်နှင့် ညီညွှတ်လာစေရေးတို့အတွက် အဖုံးပါအုတ်စီရေမြောင်းများ တည်ဆောက်ပေးလျက်ရှိသည်။

ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးသီးနှံမျိုးစုံ(၁၅၀)ဧက ရေပြည့်ဝစွာပေးနိုင်ရေး သွင်းတွဲမြောင်းတွင် တိုက်ရိုက်ရေပေးပြွန်များ ပြန်လည်ပြုပြင်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သည် ဆည်၊ မြောင်း၊ ချောင်း၊ ကန်ပေါများပြီး စိုက်ပျိုးရေးလုပ်ငန်းများ အဓိကထားစိုက်ပျိုးလျက်ရှိကြောင်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးသီးနှံမျိုးစုံ(၁၅၀)ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သင်းတွဲမြောင်းတွင် တိုက်ရိုက်ရေပေးပြွန်များ ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်တန်းမြို့နယ်၊ ဝဲကြီးကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ဝဲကြီးကျေးရွာခန်းမ၌  ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိသဖြင့် တောင်သူများအဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင်ဈေးကောင်းရရှိသဖြင့် ပဲတီစိမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေး‌ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၉နာရီက အဆိုပါမြို့နယ်ရှိ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန် ၉လမ်း၊ ကံဓမ္မရာဇ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
Subscribe to