တပ်ကုန်း ဩဂုတ် ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဝင် မသာယာနုဝေစံ(ကျစ်ကျစ်ကုန်စုံဆိုင်)မှ စားသုံးဆီလိုအပ်သည့် ပြည်သူများကို ယနေ့နံနက်ပိုင်းက သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါကုန်စုံဆိုင်တွင် လက်လီရောင်းချပိဿာချိန် ၁၁၀ နှင့် မြဝတီရပ်ကွက်အတွင်း ၇၀ ပိဿာ၊ အောင်ဇေယျရပ်ကွက်အတွင်း ၁၂၀ ပိဿာ၊ ဗိုလ်မင်းရောင်ရပ်ကွက်အတွင်း ၆၀ ပိဿာ၊ ဆရာစံရပ်ကွက်အတွင်း ၄၀ ပိဿာ၊ ဘုရင့်နောင်ရပ်ကွက်အတွင်း ၁၂၀ ပိဿာ၊ အနော်ရထာရပ်ကွက်အတွင်း ၁၃၀ ပိဿာ၊ မကျီးကုန်းကျေးရွာအုပ်စုအတွင်း ၈၀ ပိဿာ၊ ကံလှကျေးရွာအုပ်စုအတွင်း ၂၀ ပိဿာ၊ ကြိုးကြာအင်းကျေးရွာအုပ်စုအတွင်း ၂၀ ပိဿာ၊ စုစုပေါင်းပိဿာချိန် ၇၇၀ ပိဿာကို တစ်ပိဿာလျှင် ၅၈၄၅ ကျပ်နှုန်းဖြင့် ရောင်းချပေးကြောင်း သိရသည်။
တင်စိုးလွင်