ပေါင်မြို့နယ်တွင် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များပြောင်းရွှေ့

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာကာ ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၇)လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်ဖြစ်သော ရည်ညွှန်း စာကြည့်တိုက်အဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာပိုစတာ​များ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊​ တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ်၌  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရေတာရှည်မြို့နယ်ရုံးမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာပိုစတာနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ​မြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြစ်ရေ ဆက်လက်မြင့်တက်လာသဖြင့် တနင်္သာရီမြို့အတွင်းရှိ အိမ်ထောင်စု (၄၉၇) စု ရေလွတ်ရာသို့ ယာယီပြောင်းရွှေ့လျက်ရှိ

တနင်္သာရီမြို့နယ်အတွင်း ဇူလိုင်လ ပထမအပတ်မှစတင် ရွာသွန်းခဲ့သည့်မိုးကြောင့် တနင်္သာရီမြစ်ရေ မြင့်တက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အိမ်ထောင်စု (၄၉၇) စု ရေလွတ်ရာသို့ ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၃/၂ဝ၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး အမှတ်စဉ်(၄/ ၂၀၂၄)တက်ရောက်

မွန်ပြည်နယ် ၂ဝ၂၄ ခုနှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းကော်မတီဝင်များ တက်ရောက်သည်။

လယ်ဝေးမြို့နယ်ရှိ ဆင်အုံရေလှောင်ကန်တာရိုး ရေစိမ့်ပေါက်သည့်နေရာအား  အချိန်နှင့်တစ်ပြေးညီ ပြုပြင်ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ယမန်နေ့ည မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ နံနက် ၆ နာရီ ၄၅ တွင် လယ်ဝေးမြို့နှင့် သုံးမိုင်ခန့် ကွာဝေးသည့် ကြို့ပင်ကျေးရွာအနီး၊ လယ်ဝေးမြို့ပတ်လမ်းလမ်းဘေးရှိ ဆင်အုံရေလှောင်ကန်တာရိုး ရေစိမ့်ပေါက်၍ ရေများကျော်ကျခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ယာယီရေဘေးရှောင်ဒေသခံများအား ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် မြို့နယ်အတွင်း ကျေးရွာအုပ်စုအချို့ရှိ ဒေသခံပြည်သူများအား ယာယီရေဘေးရှောင်စခန်းသို့ တာဝန်ရှိသူများက ပြောင်းရွှေ့ထားခဲ့ရကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄)သို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄)ကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်ကြီးမြို့နယ်ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ကွင်းဆင်းထောက်ပံ့ပေးအပ်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်များသည် တိုက်ကြီးမြို့နယ်တွင် လှိုင်မြစ်ရေမြင့်တက်မှုကြောင့် ရေနစ်မြုပ်နေသည့် ကျေးရွာများရှိပြည်သူများအား ဇူလိုင်လ ၃၀ ရက် ညနေ ၄ နာရီခွဲက အခြေခံစားသောက်ကုန်ပစ္စည်းများအား ပြည်သူများလက်ဝယ်‌အ‌ရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လမ်း/တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ကျုံဒိုးမြို့ ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းကာ မြစ်ရေချောင်းရေများ မြင့်တက်လာသည့်အတွက် အနိမ့်ပိုင်းလူနေရပ်ကွက်များတွင် ရေများဝင်ရောက်ကာ ဆက်လက်နေထိုင်၍ မရတော့သဖြင့် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ယာယီပြောင်းရွှေ့နေထိုင်စေခဲ့ရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့ရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
Subscribe to