သဲကုန်းမြို့နယ်၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

သဲကုန်း ဩဂုတ် ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်ကောင်းမွန်ရေးအတွက် မြို့နယ်လျှပ်စစ်၏ ဓာတ်အားပေးခွဲရုံနယ်မြေအတွင်း ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော 11 KV  ဓာတ်အားလိုင်းအား ပြုပြင်ထိန်းသိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် လျှပ်စစ်ဓာတ်အားပေးခွဲရုံနယ်မြေအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးထားသော 11 KV  ဓာတ်အားလိုင်းအား လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနှင့်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ Unit Losses ကျဆင်းရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ TR များ Load balancing တိုင်းတာခြင်း၊ TR ဝန်းခြံများ သန့်ရှင်းရေးပြုလုပ်ခြင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှု မရှိစေရေးကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ​မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးနှင့်ဝန်ထမ်းများက စစ်​ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)