ပြင်ဦးလွင်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ School Milk Program  အနေဖြင့်ကျောင်းသား/ကျောင်းသူများအား နွားနို့တိုက်ကျွေးခြင်းများဆောင်ရွက်

ပြင်ဦးလွင် ဩဂုတ် ၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ဦးစီးမှူး ဒေါက်တာမြင့်အေးနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာဒေါ်နန်းတို့ ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြင်ဦးလွင်မြို့ အ.မ.က (၉) ကျောင်းတွင် School Milk Programအနေဖြင့် ကျောင်းသား/ကျောင်းသူ (၂၆၇) ဦးအား နွားနို့တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ School Milk Programဖြင့် နွားနို့တိုက်ကျွေးခြင်းသည် နိုင်ငံတော်အတွက် အသားကဏ္ဍထုတ်လုပ်မှု အစိတ်အပိုင်းတစ်ရပ်ဖြစ်သော နို့ထုတ်လုပ်မှုတိုးတက်လာသည်နှင့် နွားနို့သောက်သုံးမှုပိုမိုလာခြင်းဖြင့် အာဟာရဖြည့်အစားအစာများ စားသုံးခြင်းကြောင့် ကျန်းမာကြံ့ခိုင် ဉာဏ်ရည်မြင့်မားသော မျိုးဆက်သစ်လူငယ်များ၊ ကျောင်းသားကျောင်းသူများ ပေါ်ထွန်းရေးကို မျှော်မှန်း၍ပြုလုပ်ခြင်း ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

သွေးသွေး(ခရိုင် ပြန်/ဆက်)