မိုင်းယုမြို့၌ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်သူ (၁၄၈)ဦးတို့၏ စိုက်ပျိုးသီးနှံစုစုပေါင်း(၁၆၅)ဧက ရေကြီးနစ်မြုပ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ဇူလိုင် ၂၉ ရက်နေ့မှ ဩဂုတ် ၁ ရက်နေ့ထိ မိုးသည်းထန်စွာ အဆက်မပျက် ရွာသွန်းမှုကြောင့် မြို့အနီးရှိ နမ့်လွေချောင်းရေကြီးမှု ဖြစ်ကာ တောင်သူ (၁၄၈)ဦးတို့၏ စိုက်ပျိုးသီးနှံစုစုပေါင်း(၁၆၅)ဧက ရေကြီးနစ်မြုပ်ခဲ့ရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ကျင်းပခဲ့သည်။

တွံတေးမြို့နယ်တွင် WHOနှင့် UNICEFမှ ကာကွယ်ဆေးထိုးလုပ်ငန်းကျွမ်းကျင်ပညာရှင်များက RHCများတွင် ဆောင်ရွက်လျက်ရှိသော catch up ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊တွံတေးမြို့နယ်တွင် နေပြည်‌တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်မြင့်မြင့်သန်း ဦးဆောင်၍ WHOနှင့် UNICEFမှ ကာကွယ် ဆေးထိုးလုပ်ငန်း ကျွမ်းကျင်ပညာရှင်များက ယမန်နေ့ နံနက်၁၀ နာရီအချိန်က တွံတေးမြို့နယ်အတွင်းရှိ ကျေးလက်ပြည်သူ့ကျန်းမာရေးဌာန (RHC)များတွင် ဆောင်ရွက်လျက်ရှိသော catch up ကာကွယ် ဆေးထိုးနှံနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄)တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄)ကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

တွံတေးမြို့နယ်၌ မြန်မာအက အခြေခံကဗျာလွတ် ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြန်မာအကအခြေခံကဗျာလွတ် ခရိုင်အဆင့် ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ လူငယ်များနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် ဩဂုတ်လ၊ (၁) ရက်နေ့ (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိုးညိုမြို့နယ်၌ ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာနေပြည်သူများ သန့်ရှင်းသောရေအသုံးပြုနိုင်ရေး ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာနေပြည်သူများ သန့်ရှင်းသောရေကို အသုံးပြုနိုင်စေရေးအတွက် ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းကို ယမန်နေ့ကတာဝန်ရှိသူများ ပူးပေါင်း၍ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာ ၄၂ ရွာရှိ တောင်သူများအား ထုတ်ချေးပြီးစီး

မွန်ပြည်နယ် မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးစရိတ် ချေးငွေများကို မေလတတိယအပတ်မှ စတင်ထုတ်ပေးခဲ့ရာ ယခုအခါတွင် ကျေးရွာ ၄၂ ရွာရှိ တောင်သူများအား ထုတ်ချေးပြီစီးပြီးဖြစ်ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရေနစ်မြုပ်ခဲ့သည့်ကျေးရွာအုပ်စုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များမှ ယမန်နေ့ နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရေနစ်မြုပ်ခဲ့သည့် ကျေးရွာအုပ်စုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အင်္ဂပူမြို့နယ်အတွင်း စာသင်ကျောင်းများဖွင့်လှစ်မှု၊ အင်္ဂပူ-ညောင်ကျိုးကားလမ်းရေကျော်ပျက်စီးမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ၊မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ်အတွင်း စာသင်ကျောင်းများဖွင့်လှစ်မှု၊အင်္ဂပူ-ညောင်ကျိုးကားလမ်းရေကျော်ပျက်စီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Subscribe to