ရွှေတောင် သြဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များမှ ယမန်နေ့ နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရေနစ်မြုပ်ခဲ့သည့် ကျေးရွာအုပ်စုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါစစ်ဆေးရာတွင် ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မိုးစပါးနှင့်အခြားသီးနှံများ ရေနစ်မြုပ်ခဲ့သည့် နွားခြံကုန်းကျေးရွာအုပ်စု၊ ကျီးသဲကျေးရွာအုပ်စု၊ သရက်သုံးပင်ကျေးရွာအုပ်စုနှင့် မြို့မကျေးရွာအုပ်စုများသို့ မြေပြင်ကွင်းဆင်း၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး ပျက်စီးခဲ့သည့်မိုးစပါးဧကများ အမြန်အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရေး၊ မျိုးစပါးနှင့်အခြားလိုအပ်ချက်များအား မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်စိုက်ပျိုးနေမှုအခြေအနေများ၊ ရွှေတောင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄- ၂၀၂၅ခု ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် "ရွှေသူရ" ကုမ္ပဏီမှ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျီးသဲ-သရက်သုံးပင်လမ်း မြေသားတာဘောင်တင်ခြင်းနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ရွှေတောင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အိုးဘိုကုန်း-ရွှေကျွန်းကုန်းလမ်း မြေသားတာဘောင်တင်ခြင်းနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ရွှေတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် "ရွှေလာဘံ"ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် မီးလောင်ကျေးရွာအုပ်စု၊ ဝါးလည်ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နေမှု အခြေအနေများ၊ ရွှေတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် "ဇင်ယော်ဧရာ"ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် မီးလောင်ကျေးရွာအုပ်စု၊ အင်္ဂလိုင်ကံကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)