ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ဒေးဒရဲမြို့နယ် Community Centreခန်းမ၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာတိုးပွားစေရေး၊ စာအုပ်စာပေလေ့လာဖတ်ရှုမှုတိုးပွားစေရေးရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် အခြေခံပညာမူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲအား ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများနှင့် နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်နှင့်အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၁ နာရီက မြစ်ကြီးနားမြို့ရှိ တည်ဆောက်ရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယနေ့နံနက်(၉)နာရီ အချိန်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၁၆) ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းရုံး၌ကျင်းပရာ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မိုးညိုမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုအခြေအနေများအားကြည့်ရှု

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့မွန်းလွဲ ၁ နာရီက သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သို့ရောက်ရှိပြီး ဘုရားငူအုပ်စု၊ လဖျော်ပင်‌ကျေးရွာအနီး မိုးညို- မင်းလှ ကားလမ်းဘေး (ဆပုဂံ‌ကျေးရွာမှ ပေါက်ကုန်းကျေးရွာအထိ အရှည်(၅)မိုင်ရှိ ) ဆပုဂံ ရေကာတာဘေးတွင် မြစ်ရေဝင်ရောက်မှု အခြေအနေအား ကြည့်ရှုခဲ့ပြီး မြစ်ရေဝင်ရောက်မှုနှင့် တာများခိုင်ခန့်အောင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။ 

ဒေးဒရဲမြို့၌ အသက်(၆၅)နှစ်အထက်ပြည်သူများ၊ နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ တစ်ဦးမှ တစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး၊ ရောဂါဖြစ်ပွားမှု ကင်းစင်စေရေးအတွက်  ဦးတည် အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ နံနက်(၈)နာရီအချိန်ကစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် ပြည်သူများ၊ အသက်(၁၈)နှစ်အထက် နာတာရှည် ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များအား   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးစပါးစိုက်ခင်း (၁၇၅၁)ဧက ရေနစ်မြုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်၍ မိုးစပါးစိုက်ခင်း(၁၇၅၁) ဧကရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် အ.ထ.က (ခွဲ)တကောတွင်စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကျင်းပ

အိမ်မဲမြို့နယ် အ.ထ.က (ခွဲ)တကောတွင်စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကျင်းပ အိမ်မဲ သြဂုတ် ၂ ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)
Subscribe to