မြို့နယ်လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဗိုလ်တထောင် ဩဂုတ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ လူငယ်များနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် ဩဂုတ်လ၊ (၁) ရက်နေ့ (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ပထဦးစွာ မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လူငယ်ရေးရာဒုဥက္ကဋ္ဌ ဦးအောင်မိုးကျော်က လူငယ်များအဆင်ပြေချောမွေ့စေရေးနှင့် ပြိုင်ပွဲများ အစ၊ အလယ်၊ အဆုံး အောင်မြင်စွာကျင်းပနိုင်ရေး အသေးစိတ်ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်အားကစားကိစ္စနှင့် ပြိုင်ပွဲကျင်းပနိူင်ရေးကိစ္စရပ်များအား မြို့နယ်အားကစားမှူး ဦးသန်းဌေးက အသေးစိတ်ညှိနှိုင်းဆွေးနွေးခြင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မေအေးမြင့်နှင့် တက်ရောက်လာကြသော ကျောင်းအုပ်ဆရာ/ဆရာမကြီးများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

၎င်းနောက် မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌက ပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေး၊ အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန် နိဂုံးချုပ်တိုက်တွန်းစကား ပြောကြားခဲ့ပြီး အစည်းအဝေးကို (၁၁) နာရီအချိန်တွင်ပြီးမြောက်ကြောင်း သတင်းရရှိပါသည်။

ခင်ဝင်း (ပြန်/ဆက်)