တောင်ငူတက္ကသိုလ်၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ အမှတ်(၁၂)ယာဥ်ထိန်းရဲတပ်ဖွဲ့စု(တောင်ငူ)၊ အမှတ်(၃၆)မူးယစ်တပ်ဖွဲ့စု(တောင်ငူ)တို့နှင့်ပူးပေါင်း၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

ပိုင်ကျုံမြို့နယ်တွင် တောင်ကျရေစီးဆင်းပြီး ရေကြီးနိမ့်မြုပ်မှုကြောင့် ပြိုကျပျက်စီးသည့်တံတားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ  ကွင်းဆင်းစစ်ဆေး 

ဇူလိုင်လ ၂၄ ရက်နေ့မှစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့သော ပိုင်ကျုံမြို့နယ်အတွင်းရှိ တံတားများအား ယမန်နေ့တွင် လှိုင်းဘွဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်နှစ် နှစ်အောက်ကလေးငယ်များ ကူးစက်ရောဂါတို့မှကင်းဝေးစေရန်နှင့် ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်စေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်က ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်ရေဝင်ရောက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ ယမန်နေ့နံနက်ပိုင်းက ဗုဒ္ဓအသံဓမ္မဗိမာန်ရှိ သဘာဝဘေးကွပ်ကဲမှုရုံး၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကျင်းပပြုလုပ်သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့တွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ကြသည်။

သာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်း(အမျိုးသား) ဘောလုံးပြိုင်ပွဲ စတင်ယှဉ်ပြိုင်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်း(အမျိုးသား)ဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်ပြည်သူ့အားကစားပြိုင်ကွင်းတွင် စတင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး၊မွေးမြူရေးကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူများအား တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်နှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ(၂)နာရီက တံတားဦးမြို့နယ် အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုးရေး၊မွေးမြူရေးကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံပြီး အားပေးစကားပြောကြားကာ စိုက်ပျိုးရေးဘာသာ သင်ကြားပေးနေသော ဆရာ/မ(၇)ဦးအတွက် တစ်ဦးလျှင် ဆန်(၄)ပြည်၊ ကြက်ဥ(၂၀)လုံးနှင့် ခြောက်ဆွဲခြောက်ထုပ်(၅)ထုပ်စီကိုလည်းကောင်း၊ စိုက်ပျိုးရေးဘာသာ တက်ရောက်ပညာသင်ယူနေသော ကျောင်းသား/သူ(၅)ဦးအတွက် တစ်ဦးလျှင် ဗလာစာအုပ် (၁)ဒါဇင်၊ ဘော့ပင်(၆)ချောင်းနှင့် ငွေကျပ်(၁၀၀၀၀)စီတို့ကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည် ။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း ၂၀၂၄ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ကျောက်ဆောင်ကျေးရွာအနီး အောင်ပန်း - ပင်းတယ - ရပ်စောက်ကားလမ်းမကြီး ဘေးဝဲ/ယာတစ်လျှောက်နှင့် မြင်းမူးကျေးရွာအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတပြည့်စုံကြွယ်ဝပြီး နိုင်ငံတော်ကအားကိုးအားထားပြုရသည့် အနာဂတ်ခေါင်းဆောင်ကောင်းများအဖြစ် ပေါ်ထွန်းလာစေရေး၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး အားလပ်ချိန်၌ ဗဟုသုတများစွာရရှိစေမည့် စာအုပ်စာစောင်များဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးအတွက်ရည်ရွယ်၍ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တာမွေမြို့နယ်ရှိ အမှတ်(၂၆) အခြေခံပညာမူလတန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်အတွင်းရှိ တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများတွင် လယ်ထွန်စက်ကြီးများကို ပိုမိုအသုံးပြု

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ တောင်သူများသည် ယခုနှစ် မိုးရာသီကာလမိုးစပါးနှင့် အခြားသီးနှံများစိုက်ပျိုးချိန်တွင် လယ်ယာမြေများထွန်ယက်ပြုပြင်ခြင်းလုပ်ငန်းကို ယခင်နှစ်များထက် လယ်ထွန်စက်ကြီးငှားရန်းအသုံးပြုသူများ ပိုမိုများပြားလာကြောင်း ကွင်းအမှတ်(၄၅၈) မြစ်ဆုံလေးကွင်းရှိ တောင်သူဦးဇော်နိုင်ထံမှ သိရသည်။
Subscribe to