သုံးခွမြို့နယ် အထက (၂) ကျောင်း၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်ဖြင့် ပြည့်စုံကြွယ်ဝသည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အ-ထ-က (၂) ကျောင်းခန်းမတွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၁) နာရီက (အမက) မိုးနိုင်းကျောင်း၌ ပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီး ဦးတင့်လွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မကွေး)၏ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီမှ မျိုးသစ်အဖြစ် ထုတ်ဝေခွင့်ပြုခဲ့သည့် နှမ်းမျိုးများအား ကွင်းသရုပ်ပြပွဲ အခမ်းနားသို့ တက်ရောက်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မကွေး)၏ မျိုးစေ့ဆိုင်ရာ အမျိုး သားကော်မတီမှ မျိုးသစ်အဖြစ် ထုတ်ဝေခွင့်ပြုခဲ့သည့် နှမ်းမျိုးများအား ကွင်းသရုပ်ပြပွဲ အခမ်း နားကို ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ ဒေသသုတေသနဗဟိုဌာန(မကွေး)၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် စိုက်ကြပ်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အသီးသီးမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။

တောင်ငူမြို့နယ်အတွင်းရှိ သောက်ရေခပ်ချောင်းရေမြင့်တက်မှုကြောင့် ဒိုးသောင်ကျေးရွာအုပ်စုတွင် အနိမ့်ပိုင်းရှိနေအိမ်အချို့ ရေလွှမ်းမှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိကာ မြို့နယ်အတွင်းရှိ သောက်ရေခပ်ချောင်းရေမြင့်တက်မှုကြောင့် ဒိုးသောင်ကျေးရွာအုပ်စု၊ ပြုံးချောင်းကျေးရွာနှင့် ရှမ်းဝါးတီးကျေးရွာတို့မှ အနိမ့်ပိုင်းရှိနေအိမ်အချို့၌ ယမန်နေ့နံနက် (၉) နာရီအချိန်ခန့်တွင် ရေလွှမ်းမှု‌ဖြစ်ပေါ်ခဲ့သည်။

လက်ပံတန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျောင်းသား/ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး ရည်ရွယ်၍ အခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများကျင်းပခဲ့ရာ ယမန်နေ့နံနက်ပိုင်းက အ-မ-က ထောက်ကြံ့ကွင်းကျောင်းတွင် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့ နယ်၌ မန်းချောင်းရေဝင်ရောက်မှုကြောင့် လူဦးရေပေါင်း ၁၁၀၀ ကျော် ရေဘေးသင့်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌  ယခုရက်ပိုင်း မိုးများ အဆက်မပြတ် ရွာသွန်းပြီး မန်းချောင်းရေဝင်ရောက်မှုများကြောင့် မန်းချောင်းအောက်ပိုင်းရှိ မြေနိမ့်ပိုင်း စကုမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ဩဂုတ်လ ၂ ရက်နေ့က မန်းချောင်း ရေကြီးမှုဖြစ်ပွားကာ လူဦးရေပေါင်း ၁၁၀၀ ကျော် ရေဘေးသင့်ပြီး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။

ကျွန်းလှ၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြော

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ မူလတန်းလွန်ကျောင်း၌ ကျင်းပသည်။

ကျွန်းလှမြို့၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလက်ကမ်းစာ‌စောင်များ ဖြန့်ဝေခြင်း၊ အသိပညာ‌ပေးဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် အသိပေးနှိုးဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်များ၊ အ‌ခြေခံပညာကျောင်းများစသည့် လူစည်ကားသည့်နေရာများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက (၃၇) ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အဆိုပါမြို့နယ်ရှိ အ-ထ-က(၂၇) ကျောင်း၊ အောင်တံခွန်ခန်းမ၌ ကျင်းပသည်။
Subscribe to