မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အင်္ဂပူမြို့နယ်အတွင်း စာသင်ကျောင်းများဖွင့်လှစ်မှု၊ အင်္ဂပူ-ညောင်ကျိုးကားလမ်းရေကျော်ပျက်စီးမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေး

အင်္ဂပူ ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ်အတွင်း စာသင်ကျောင်းများဖွင့်လှစ်မှု၊အင်္ဂပူ-ညောင်ကျိုးကားလမ်းရေကျော်ပျက်စီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများသည် ဇီးပင်ကွင်းကျေးရွာ၊ စာသင်ကျောင်း၊မြစ်ရေကျဆင်းပြီး ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်၊ ကျောင်းသားမိဘများ၊ ကျောင်းသား/သူများမှ စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်နေမှုနှင့် သန့်ရှင်းသောသောက်သုံးရေ‌ရရှိရေး ဆောင်ရွက်ထားမှုအခြေအနေများ၊ စာသင်ကြား‌နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အင်္ဂပူ-ညောင်ကျိုးကားလမ်း ‌ကညင်တပင်ကျေးရွာအနီး ကားလမ်းရေကျော်ပျက်စီးမှုအခြေအနေနဲ့လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်သည်များအား လမ်းညွှန်မှာကြား ပေါင်းစပ်ဆောင်‌ရွက်ပေးခဲ့ကြောင်း သိရသည်။

မန်းကျော် (ပြန်/ဆက်)