ကျိုက်မရောမြို့နယ် ရေကြီးနစ်မြုပ်မှုတွင် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများသွားလာမှုအဆင်ပြေစေရန် လှေများဖြင့်ကူညီဆောင်ရွက်ပေး
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး အတ္တရံမြစ်ရေမြင့်တက်မှုကြောင့် ဇူလိုင် ၂၅ ရက်နေ့မှ ယမန်နေ့နံနက်အထိ မြစ်ရေများသည် မြို့နယ်မီးသတ်ရုံးမှ ကြက်ခြေနီအသင်းရုံးကြားရှိ လမ်းပိုင်းနေရာတွင် ပေ ၅၀၀ ခန့် ရေအနက် ၂ ပေခွဲခန့် လမ်းရေကျော်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မူဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ စာရေးကိရိယာများ ရေစိုပျက်စီးမှုမရှိစေရန်နှင့် ဌာနဆိုင်ရာရုံးဝန်ထမ်းများ သွားလာမှုအဆင်ပြေစေရန်အတွက် မြို့နယ်မီးသတ်ဦးစီး ဦးတင်သောင်းဦးနှင့် အရန်မီးသတ်တပ်ဖွဲ့များ၊ ဖြူစင်နှလုံးသားပရဟိတလူငယ်အဖွဲ့များက လှေများဖြင့် နံနက် ၇ နာရီမှစတင်ကာ အကြိုအပို့ပြုလုပ်ပေးလျက်ရှိ ကြောင်းသိရသည်။