တွံတေး သြဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊တွံတေးမြို့နယ်တွင် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်မြင့်မြင့်သန်း ဦးဆောင်၍ WHOနှင့် UNICEFမှ ကာကွယ် ဆေးထိုးလုပ်ငန်း ကျွမ်းကျင်ပညာရှင်များက ယမန်နေ့ နံနက်၁၀ နာရီအချိန်က တွံတေးမြို့နယ်အတွင်းရှိ ကျေးလက်ပြည်သူ့ကျန်းမာရေးဌာန (RHC)များတွင် ဆောင်ရွက်လျက်ရှိသော catch up ကာကွယ် ဆေးထိုးနှံနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးကြည့်ရှုခြင်းသို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်မြင့်မြင့်သန်း ဦးဆောင်၍ WHOနှင့် UNICEFမှ ကာကွယ်ဆေးထိုး လုပ်ငန်းကျွမ်းကျင်ပညာရှင်များ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ကျန်းမာရေး၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဒေါက်တာထွန်းမင်းနှင့် ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာနှင့် တာ၀န်ရှိသူများ လိုက်ပါ၍ တွံတေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ခလောက်ချိုက်RHC၊ ပျော်ဘွယ်လေးRHC၊ ဘုရားကြီးRHCနှင့် သ၀န်းတောRHCများတွင် ဆောင်ရွက်လျက်ရှိသော catch up ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ ဌာနများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၍ ဌာနများမှ တင်ပြသော လိုအပ်ချက်များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြတောင်းခံဖြည့်ဆည်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)