မြစ်ကြီးနား သြဂုတ် ၃
ကချင်ပြည်နယ်၊ ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်နယ်အတွက် စက်သုံးဆီတင်သွင်း ဖြန့်ဖြူးခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွက် အမှန်တကယ် တင်သွင်းနိုင်မည့် စက်သုံးဆီပမာဏ လျာထားချက်နှင့် ဈေးနှုန်းသတ်မှတ်နိုင်ရေး ပြည်နယ်စက်သုံးဆီတင်သွင်းဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် စက်သုံးဆီ လုပ်ငန်းရှင်များ၊ ဆီဆိုင်ပိုင်ရှင်များနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က နိုင်ငံတော်အနေဖြင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလုပ်ငန်းရှင်များကို ပင်လယ် ရပ်ခြားမှတစ်ဆင့် တင်သွင်းနေသည့် Importer လုပ်ငန်းရှင်များကဲ့သို့ ဆောင်ရွက်နိုင်ရေး၊ အလုပ် အကိုင်အခွင့်အလမ်းဆောင်ရွက်ပေးခဲ့ခြင်းပါကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်း ကံပိုင်တည်မှ တင်သွင်းပါက လမ်းခရီးတိုတောင်းသက်သာစေပါကြောင်း၊ ယနေ့တင်သွင်းမည့် ကုမ္ပဏီများအနေဖြင့် ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရန် လအလိုက် သတ်မှတ်ထားသည့် Quota များကို ပြည့်ဝစွာ တင်သွင်းရန်လိုအပ်ပါကြောင်း၊ ထို့အတူ တရားမဝင်တင်သွင်းမှုများကိုလည်း မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဆင့်ဆင့်စိစစ်၍ အရေးယူနိုင်ရေး ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ပြည်နယ်ကြီးကြပ်စစ်ဆေးရေး အရာရှိ ဦးမင်းမင်းက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ PO တိုးမြှင့် ခြင်းဆိုင်ရာကိစ္စရပ်များနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ကော်မတီအဖွဲ့ဝင် များနှင့် စက်သုံးဆီလုပ်ငန်းရှင်များအသင်း၊ စက်သုံးဆီလုပ်ငန်းရှင်များက ယခုနှစ် သြဂုတ်လအတွက် Quota ခွဲဝေသတ်မှတ်နိုင်ရေး ကုမ္ပဏီများက အမှန်တကယ်တင်သွင်းနိုင်မည့် စက်သုံးဆီပမာဏနှင့် Quota လျာထားချက်နှင့် ဈေးနှုန်းသတ်မှတ်နိုင်ရေး အသီးသီးဆွေးနွေးတင်ပြခြင်း၊ အတည်ပြုသတ် မှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)