မင်းလှ ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြစ်ရေဝင်ရောက်ခံခဲ့ရသည် အိမ်ထောင်စုဝင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို သဲကောအုပ်စု၊ တောင်ပို့ကြီးကျေး ရွာဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းထောက်ပံ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးလှဌေးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းနိုင်တို့က ရေဘေးသင့်ခံခဲ့ရသည့် တောင်ပို့ကြီးကျေးရွာရှိ အိမ်ထောင်စုဝင်များကို အားပေးစကားများ ပြောကြားပြီး၊ အိမ်ထောင်စုဝင်(၇၄)စုကို ခေါက်ဆွဲခြောက်(၈၀)ထုပ်၊ ကြက်ဥအလုံး (၅၀၀) ၊ ရေသန့်တစ်လီတာ(၇၈)ဘူး၊ ပေါင်မုန့် (၈၀) ထုပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)