တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ တွေ့ဆုံ

မြိတ်  ဩဂုတ် 

တနင်္သာရီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဩဂုတ်(၂)ရက်နေ့ နေ့လယ်ပိုင်းက အ.ထ.က(၁)မြိတ်၊ ပညာ့ဗိမာန်ခန်းမတွင် အခြေခံကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများ တွေ့ဆုံခဲ့ရာ အထက(၁) ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်း၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြသည်။

တွေ့ဆုံရာတွင် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က အနန္တဂိုဏ်းဝင်ဆရာ၊ ဆရာမများသည် ဆရာဝတ္တရားငါးပါးနှင့်အညီ တပည့်သားသမီးများ၏ အနာဂတ်အလင်းရောင်ကို ထွန်းညှိရှေ့ဆောင် လမ်းပြပေးနေတဲ့ မီးရှူးတန် ရှူးတန်ဆောင်များပင် ဖြစ်သလို ရပ်ရွာ၏ စံနမူနာပြပုဂ္ဂိုလ်၊ ဒေသ၏ အလေးထားရာ၊ အားကိုးအားထားပြုရာပုဂ္ဂိုလ်၊ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုရာပုဂ္ဂိုလ်များ ဖြစ်ကြကြောင်း၊ ရေမြင့်မှကြာတင့်မယ်ဆိုသည့်အတိုင်း ဆရာ၊ ဆရာမများ၏ အရည်အချင်းအရည်အသွေး ပြည့်ဝမှုအပေါ်မူတည်ပြီး မိမိတပည့်သားသမီးများ၏ အရည်အချင်းမြင့်မားလာမှာဖြစ်ကာ တပည့်သည် ဆရာထက် ပိုတော်လာမှသာ အနာဂတ်နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်းနှင့် လုပ်ငန်းလမ်းညွှန် အမှာစကားပြောကြားသည်။

ယင်းနောက် မြိတ်ခရိုင်ပညာရေးမှူး‌ ဒေါ်လှလှ‌အေးက ၂၀၂၄- ၂ဝ၂၅ ပညာသင်နှစ်၏ ပညာရေးကဏ္ဍနှင့်ပတ်သက်၍ မြိတ်ခရိုင်အတွင်းရှိ ကျောင်းအသီးသီး၌ သင်ကြားသင်ယူဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။ တွေ့ဆုံပွဲသို့ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများတက်ရာက်ခဲ့ကြပြီး တွေ့ဆုံပွဲကို အ.ထ.က(၃)မြိတ် ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်း သီဆို၍ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)