မိုးနဲမြို့နယ်၌ စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား ဆီပဲပုပ်မျိုးစေ့များ ဆက်လက်ပေးအပ်

မိုးနဲ ဩဂုတ် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ်တွင် စားသုံးဆီ ဖူလုံရေးအတွက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆီထွက်သီနှံတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား ဆီပဲပုပ်‌မျိုးစေ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လွိုင်လင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌‌ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများ ၊စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆီထွက်သီးနှံစိုက်ပျိုး မည့်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခွန်မြင့်သောင်းက ပဲပုပ်မျိုးစေ့များ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးငိုဘွယ်က တိုင်းရင်းသားဘာသာစကားဖြင့် ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား တစ်ဧကလျှင် ၄ ပြည်နှုန်းဖြင့် ၁၈၀ ဧကအတွက် ဆီပဲပုပ်မျိုးစေ့များကို နမ့်စန်ခရိုင်ဦးစီးမှူး ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြပြီး စိုက်ပျိုးသူ‌ တောင်သူများအနေဖြင့် တစ်ဧက ၈ နှုန်းသီးစားအဖြစ် ပြည်ပြန်လည်ပေးသွင်းသွားရမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)