မြိတ် ဩဂုတ် ၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီနှင့် ရပ်ကွက်/ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁ဝ)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဗိုလ်မှူး အာကာအောင်က လုံခြုံရေး ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။
ယင်းနောက် မြို့နယ်သန်းခေါင် စာရင်းကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်းလင်းက သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းစီမံချက်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များမှ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ကြသည်။
မြိတ်မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်အတွင်း ရပ်ကွက်(၁၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၂)အုပ်စု ကျေးရွာပေါင်း (၁၄၀)ရွာတွင် သန်းခေါင်စာရင်းကောက်ကွက် (၅၀၇)ကွက်ဖြင့် စာရင်းကောက်အဖွဲ့များမှ အောက်တို ဘာလ (၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ စာရင်းကောက်ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)