မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၄/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၄/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၇) နာရီက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ အမှတ်(၇) စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင့်၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

မိုင်းဖြတ်မြို့နယ်၌ ​ မူလွန်(ကွက်သစ်)ကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်​ရေး စာအုပ်၊ စာ​စောင်များ ငှားရမ်း​ပေး

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနအ​နေဖြင့် စာဖတ်ရှိန်မြှင့်တင်​ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ​ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို မူလွန်(ကွက်သစ်)​ကျောင်း၌ ကွင်းဆင်း​ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ်၌ စည်ပင်သာယာရေးအဖွဲ့မှ ခွင့်ပြုရန်ပုံငွေဖြင့် ကံ့ကော်လမ်းအား ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းခင်းခြင်းကို ကံ့ကော်လမ်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါး (၁၅၀၂၉) ဧက ရိတ်သိမ်းပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါး (၁၅၀၂၉) ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အ.မ.က(မကျီးကန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအ.မ.က (မကျီးကန်)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

လက်ပံတန်း၌ စားသုံးဆီများ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချနိုင်ရေးဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌စာသုံးဆီများ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ဖြန့်ဖြူးရောင်းချနိုင်ရေးကုန်သည်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။

တောင်သူများ ဓာတ်မြေသြဇာစနစ်တကျကျွေးမွေးခြင်းကို သိရှိစေရေး ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ရောစပ်ကြဲပက်သရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး၊ မြေသြဇာစနစ်တကျ နှုန်းထားမှန်ကန်စွာကျွေးမွေးနိုင်ရေး၊ အချိန်ကိုက်သုံးစွဲနိုင်ရေးနှင့် မြင့်မားသောအထွက်နှုန်းစွမ်းရည်ကို သိရှိနိုင်စေသည့် အကျိုးကျေးဇူးများရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက မင်းဂံရိုးကျေးရွာအုပ်စု၊ မင်းဂံရိုးကျေးရွာ တောင်သူဦးဗီဂျေး၏ ကွင်းအမှတ်၂၆၂/ဂ ဆင်းသုခမိုးစပါး(၁၀)ဧကစိုက်ခင်းတွင် ဓါတ်မြေသြဇာနှင့် သဘာဝမြေသြဇာကြဲပက်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ် ရွှေဝါမြိုင်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ရွှေဝါမြိုင်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမီတတ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့က အဆိုပါအသင်းရုံးခန်းမ၌ ကျင်းပသည်။

မိုးညိုမြို့နယ်၌‌ ကျောင်းကျန်းမာရေးဆိုင်ရာ ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာ‌ပေးလုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မိုးညိုမြို့၊ ရွှေဥ‌ဒေါင်းရပ်ကွက်ရှိ အ.လ.က(ခွဲ)တောင်ပိုင်းကျောင်း၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာ‌ရေးစစ်ဆေးပေးခြင်း‌ ဆောင်ရွက်ခဲ့သည်။

ကော့မှူးမြို့နယ်တွင် ဝါးလက်မှုပစ္စည်းထုတ်လုပ်မှု အသက်မွေးဝမ်းကျောင်းသင်တန်း အမှတ်စဉ်(၂) ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ သစ်တောဦးစီးဌာနမှဖွင့်လှစ်သော ဝါးလက်မှုပစ္စည်းထုတ်လုပ်မှု အသက်မွေးဝမ်းကျောင်းသင်တန်း အမှတ်စဉ်(၂)ဖွင့်ပွဲကို ရေတာရှည်ကျေးရွာ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to