မင်းဘူးမြို့၌ ဆေးရောင်ခြယ်၊ အရုပ်ဆက်နှင့် စကားပုံဆက် ပြိုင်ပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့က ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဆေးရောင်ခြယ်၊ အရုပ်ဆက်နှင့် စကားပုံဆက်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ကြောင်း သိရသည်။

ကေတုမတီမြို့သစ်နေ ပြန်ကြားရေးဝန်ကြီး(ငြိမ်း) ဗိုလ်ချုပ်ကြည်အောင်၏ ဇနီး ဒေါ်ခင်ခင်လေးမှ သုတ၊ ရသ စာအုပ်စာစောင်များ လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်နေ ပြန်ကြားရေးဝန်ကြီး(ငြိမ်း)ဗိုလ်ချုပ်ကြည်အောင်၏ ဇနီး ဒေါ်ခင်ခင်လေး (စာရေးသူ မန်းခင်ခင်)မှ သုတ၊ ရသ စာအုပ်စာစောင်များကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က ၎င်း၏ နေအိမ်တွင် လှူဒါန်းသည်။

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၄/၂၀၂၄) သင်တန်းဖွင့်ပွဲပြုလုပ်

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က ရပ်စောက်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ရှိ စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၄/၂၀၂၄)ဖွင့်ပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းနှင့် တပ်မတော်အရာရှိများ၊ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၇၃) ဦးအား သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ နည်းပညာတက္ကသိုလ် (တောင်ငူ)တွင် တောင်ငူခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် နည်းပညာတက္ကသိုလ်(တောင်ငူ)တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကို သြဂုတ် ၃ ရက်နေ့မှစတင်၍ ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က ဘွဲ့နှင်းသဘင်ခန်းမ၌ သင်တန်းဆင်းပွဲကျင်းပသည်။

မုံရွာမြို့၌ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသား/သမီး ဖူဆယ် အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် အမျိုးသမီးများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်စီမံကိန်း တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု (Bakery & Snack) နည်းပညာသင်တန်း(မွမ်းမံ) ဆင်းပွဲအခမ်းအနား တက်ရောက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အမျိုးသမီးများဝင်ငွေတိုးရေး ဆောင်ရွက်မည့်စီမံကိန်းတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု(Bakery & Snack) နည်းပညာသင်တန်း(မွမ်းမံ) ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားအား မင်္ဂလာတောင်ညွန့်မြို့ နယ်မီးသတ်စခန်းအစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ပင်လောင်းမြို့နယ်၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများနှင့် ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင်ဖွံ့ဖြိုးရေး ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက တောင်ထီဗွာကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံစေရန် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ အားကစားပစ္စည်းနှင့် စာအုပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

လူငယ်များ ဗလငါးတန်ပြည့်စုံပြီး ရရှိပြီးသားဗဟုတများတိုးပွားစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ အားကစားပစ္စည်းနှင့် စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၈)ရပ်ကွက်၊ ဗိုလ်ဖိုး‌စောလမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မေခခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၂/၂၀၂၄) သင်တန်းပို့ချနေမှုအား သွားရောက်ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ ပူးပေါင်းကျင်းပသည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၄)သင်တန်းအား ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(အလုံ)ရှိ ရွှေလုံခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Subscribe to