ကော့မှူးမြို့နယ်တွင် ဝါးလက်မှုပစ္စည်းထုတ်လုပ်မှု အသက်မွေးဝမ်းကျောင်းသင်တန်း အမှတ်စဉ်(၂) ဖွင့်လှစ်

ကော့မှူး ဩဂုတ်လ

န်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ သစ်တောဦးစီးဌာနမှဖွင့်လှစ်သော ဝါးလက်မှုပစ္စည်းထုတ်လုပ်မှု အသက်မွေးဝမ်းကျောင်းသင်တန်း အမှတ်စဉ်(၂)ဖွင့်ပွဲကို ရေတာရှည်ကျေးရွာ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးလူမင်းမှ အဖွင့်မှာစကားပြောကြားရာတွင် ဝါးသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ ဝါးပင်များ၏ တန်ဖိုးရှိပုံနှင့် အကျိုးကျေးဇူးများ၊ ဝါးပင်များမှ ပေးစွမ်းနိုင်သည့်ထုတ်ကုန်များ ဝါးလက်မှုပစ္စည်း ပြုလုပ်ပုံအဆင့်ဆင့်၊ ဈေးကွက်အခြေအနေများကို ရှင်းလင်းပြောကြားပြီး သင်တန်းဆရာမ ဒေါ်ခင်သန္တာကြူမှ ဝါးလက်မှုပစ္စည်းပြုလုပ်ပုံအဆင့်များ၊ မီးဖိုချောင်သုံးပစ္စည်းများမှ ဝါးရွက်၊ သစ်ရွက်များဖြင့် အဝတ်အထည်များပေါ်သို့ ဆေးဆိုးပန်းရိုက်အလှဆင်နည်းများ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့မှ ဩဂုတ်လ ၉ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)