နတ်မောက်မြို့နယ်၌ စည်ပင်သာယာရေးအဖွဲ့မှ ခွင့်ပြုရန်ပုံငွေဖြင့် ကံ့ကော်လမ်းအား ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်

နတ်မောက် ဩဂုတ် ၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းခင်းခြင်းကို ကံ့ကော်လမ်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကံ့ကော်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို  ခွင့်ပြုရန်ပုံငွေ (၄၁) ဒဿမ (၁၄) ကျပ်သန်း အကုန်အကျခံကာ အရှည် (၂၂၅) ဒဿမ (၅၄) မီတာ၊ အကျယ် (၃) ဒဿမ (၆၆) မီတာနှင့် ထု (၀) ဒဿမ (၂) မီတာအား တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွန်ကရစ်လမ်းပြီးစီးပါက ရာသီမရွေး ဒေသခံပြည်သူများ ဝင်ထွက်သွားလာလွယ်ကူပြီး မိုးတွင်းကာလတွင် ဗွက်ထူခြင်း၊ ရေဝပ်ခြင်း၊ သွားလာမှုခက်ခဲခြင်းများ ကင်းဝေစေ၍ အများပြည်သူ စိတ်ချမ်းမြေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

လှဝင်း