မင်းလှ ဩဂုတ် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ရွှေဝါမြိုင်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမီတတ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့က အဆိုပါအသင်းရုံးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရွှေဝါမြိုင်စိုက် ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးသောင်းကြည်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်သက်သက်နွယ်က သမဝါယမဦးစီးဌာနမှ ပြည်သူများအတွက် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် အသင်း၏ စည်းမျဉ်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲသည်။
ထို့နောက် အသင်းအမှုဆောင်အဖွဲ့က အသင်း၏လုပ်ငန်းအခြေအနေများကို အသင်းသားများသို့ ချပြရှင်းလင်း၍ သဘောတူညီချက်ရယူကာ အသင်းသားများအား လက်ဆောင်ပစ္စည်းများနှင့် အကျိုးခံစားခွင့်ငွေများ စုစုပေါင်းငွေကျပ်(၁၅၃၅၈၄၀)ကိုထုတ်ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ