လက်ပံတန်း၌ စားသုံးဆီများ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချနိုင်ရေးဆွေးနွေး

လက်ပံတန်း ဩဂုတ် ၆

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌စာသုံးဆီများ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ဖြန့်ဖြူးရောင်းချနိုင်ရေးကုန်သည်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်က စားသုံးသူများဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးကုန်သည်လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့်အညီ အဂတိကင်းရှင်းစွာ ဖြန့်ဖြူးရောင်းချနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းရှင်များက စားသုံးဆီများဝယ်ယူရရှိမှု သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)