မိုင်းဖြတ်မြို့နယ်၌ ​ မူလွန်(ကွက်သစ်)ကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်​ရေး စာအုပ်၊ စာ​စောင်များ ငှားရမ်း​ပေး

မိုင်းဖြတ် သြဂုတ် ၆

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနအ​နေဖြင့် စာဖတ်ရှိန်မြှင့်တင်​ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ​ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို မူလွန်(ကွက်သစ်)​ကျောင်း၌ ကွင်းဆင်း​ဆောင်ရွက်ခဲ့သည်။

ထိုသို့ ​ကွင်းဆင်း​ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ​ဒေါ်​အေးဝင်းခိုင်က စာအုပ်များ (အခမဲ့) လာ​ရောက်ငှားရမ်း​ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် စာဖတ်ခြင်း၏ အကျိုး​ကျေးဇူးများ ရှင်းလင်​ပြောကြားခဲ့သည်။ ထို့​နောက်  စာကြည့်တိုက်လက်​ထောက်-၃ ​ဒေါ်နန်း​ကောင်ခမ်းက မူလွန်(ကွက်သစ်)​ကျောင်းမှ ကျောင်းသား၊ ​ကျောင်းသူများကို သုတ၊ ရသ စာ​ပေ (၁၀၀) အုပ်ကို (အခမဲ့) ငှားရမ်း​ပေးခဲ့​ကြောင်း သိရသည်။

ထိုသို့ စာအုပ်စာ​​စောင်များ ငှားရမ်း​ပေးခြင်းသည် စာဖတ်ပရိသတ်များအ​နေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်​သော်လည်း စာ​ပေများကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်​ရေးအတွက် ရည်ရွယ်ပြီး ကွင်းဆက်ငှားရမ်း​ပေးခြင်းဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)