နေပြည်တော်ကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုနယ်မြေအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများ၊ MSME ၊ အခြားချေးငွေလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ အခြားချေးငွေလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်သည့်အလေ့အကျင့်​ကောင်းများရရှိစေရေးအတွက်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က အ.မ.က(မူလွန်)နတ်စဥ်ကုန်းနှင့် မွန်းလွဲ(၁)နာရီအချိန်က အ.မ.က(မူလွန်)ကွမ်းသီးခြံကျောင်းများသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းမြို့တွင် ပြည်သူ့စစ်သင်တန်း (၁/ ၂၀၂၄) ဖွင့်ပွဲကျင်းပ

စစ်ကိုင်းမြို့တွင် ပြည်သူ့စစ်သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို စစ်ကိုင်းတပ်နယ်ရှိ အောင်စစ်သည်ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်သည်။

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ online အလောင်းကစားနှင့်‌ ငွေကြေးလိမ်လည်မှုများအ‌ကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ရှိ ဆရာ/ဆရာမများ ကျောင်းသား/သူများအား online အလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။

ရေတာရှည်မြို့နယ်၌ စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရေဝင်ရောက်နိုင်မည့် ကမ်းပါးနီးနေအိမ်များ ကြိုတင်ပြင်ဆင်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ကမ်းပါးနီးနေအိမ်များရှိ အိမ်ထောင်စုများ  ကြိုတင်ပြင်ဆင်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပသည်။

မြန်မာ့ရိုးရာယဉ်‌ကျေးမှုအမွေအနှစ်များကို ရှာဖွေ၊ ဖော်ထုတ်၊ တိုးတက်ပြန့်ပွားစေရန် ရည်ရွယ်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မြန်မာ့အက၊ အခြေခံကဗျာလွတ်(ပထမအဆင့်) ခရိုင်အဆင့်ပြိုင်ပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြန်မာ့အကများ စနစ်တကျရှိစေရန်၊ မြန်မာ့ရိုးရာယဉ်‌ကျေးမှုအမွေအနှစ်များကို ရှာဖွေ၊ ဖော်ထုတ်၊ တိုးတက်ပြန့်ပွားစေရန် ရည်ရွယ်၍ မြန်မာအက၊ အခြေခံကဗျာလွတ် (ပထမအဆင့်) ခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က မြို့နယ်အားကစားခန်းမ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများအတွက် ပေါင်းတည်မြို့မှ စားရေရိက္ခာများ ပေးပို့ကူညီဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့က ပဲခူးမြို့အပါအ၀င် ဧရာဝတီနှင့် မြစ်မခမြစ် ရေကြီးရေလျှံမှုကြောင့် ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း မြို့နယ်အချို့ရှိ ရေဘးကယ်ဆယ်ရေးစခန်းများသို့ စားရေရိက္ခာများ ပေးပို့ကူညီရန် ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် Smiling Children Program ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် Smiling Children Program ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန် နေ့နံနက်(၁၀)နာရီ၌ အခြေခံပညာမူလတန်းကျောင်း အမှတ်(၄၇)တွင် ကျင်းပပြုလုပ်သည်။

မရမ်းကုန်းမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

သစ်တောသစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းတို့ကို ပြည်သူလူထုအတွင်း နိုးကြားသောအသိစိတ်ဓာတ်ရှင်သန်စေရေးအတွက် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ကမ္ဘာအေးဘုရားတွင် ယနေ့နံနက် (၁၀) နာရီအချိန်၌ သစ်တောဦးစီးဌာနကဦးဆောင်၍ကျင်းပပြုလုပ်ရာ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးဆောင်သော ဝန်ထမ်း (၈၀) ဦး၊ အလုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးသူနှင့်ဝန်ထမ်း (၁၅) ဦး၊ ဒေသခံပြည်သူ (၂၀) ဦး စုစုပေါင်း (၁၁၅) ဦး တက်ရောက်၍ ငုရွှေဝါ (၃၀) ပင် ၊ ပျဉ်းမ  (၃၀) ပင် ၊ စိန်ပန်း (၃၀) ပင်၊ ထိုင်ဝမ်ဗန်ဒါ (၃၀) ပင် ၊ ခရေ (၃၀) ပင်၊ ကျွန်း (၁) ပင်  ၊ မယ်ဇယ် (၁) ပင် စုစုပေါင်း ပျိုးပင် (၁၅‌၂) ပင်တို့ကို  စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် အင်္ဂပူမြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်သည့် မိုးစပါးစိုက်ခင်းများ ပြန်လည်စိုက်ပျိုးရန် ပြင်ဆင်‌နေမှုအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ်၊ တလိုင်းကွင်းကျေးရွာအုပ်စု၊ တလိုင်းကွင်းကျေးသို့‌ ရောက်ရှိရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်တာဝန်ရှိသူများ၊‌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများက ကြိုဆိုခဲ့သည်။
Subscribe to