စေတုတ္တရာမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေ တိုက်စားမှုကြောင့် ကတ္တရာကားလမ်း ယိုယွင်းပျက်စီးမှုအား အမြန်ဆုံးပြန်လည်ပြုပြင် ဆောင်ရွက်လျက်ရှိ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ဩဂုတ်လ (၂) ရက်နေ့၊ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စေတုတ္တရာ ငဖဲပဒါန်းသွားကားလမ်း မိုင်တိုင်အမှတ် (၂၄/၄) နှင့် (၂၄/၅) ကြားရှိ ဒုံချောင်းရေကျော် နေရာတွင် ရေတိုက်စားပြီး ကားလမ်းယိုယွင်းပျက်စီးမှုဖြစ်ပွားခဲ့ရာ ယနေ့တွင်လည်း အမြန်ဆုံးပြန်လည် ပြုပြင်ခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။