မက်မန်းမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်သစ်များဆောက်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကျေးရွာနေပြည်သူများအား နိုင်ငံတော်အစိုးရက စာပေလေ့လာဖတ်ရှုစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမှီစွာထားရှိပေးနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မက်မန်းမြို့နယ် ရောင်အူ“ဝ”ကျေးရွာ၊ အောင်သံလွင်ကျေးရွာနှင့် ကွန်ဟောင်းကျေးရွာတို့တွင် စာကြည့်တိုက်သစ်ဆောက်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဩဂုတ်လ ၅ ရက်နေ့က ကျင်းပခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကရင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့်ပြည်သူများအား တွေ့ဆုံအားပေး၍ ထောက်ပံ့ပစ္စည်းများပေးအပ်

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၅ ရက်နေ့နံနက်ပိုင်းက ပြည်နယ်အတွင်း သဘာဝဘေးဒဏ်သင့်ပြည်သူများအား တွေ့ဆုံအားပေး၍  ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေကျဆင်းသွား၍ စာသင်ကျောင်း (၃)ကျောင်း ပြန်လည်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်၍ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများအနက် စာသင်ကျောင်း (၃)ကျောင်းကို ယမန်နေ့ နံနက်ပိုင်းက မြစ်ရေကျဆင်းသွားသဖြင့် ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ် စာစောင်ပြပွဲ ကျင်းပ

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ(၂)နာရီက လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်  

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက  စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်ပွဲကို ဩဂုတ်လ ၅ ရက်နေ့ နေ့လယ်ပိုင်းတွင်  ပြင်ဦးလွင်တပ်နယ်ရှိခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ခိုလမ်မြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဟိုင်းလိုက်)ကျောင်းတွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဟိုင်းလိုက်) ကျောင်းတွင် ဆောင်ရွက်ခဲ့ပါသည်။

တာမွေမြို့နယ်၌ ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်တစ်နှစ်မှငါးနှစ်အထိ ကာကွယ်ဆေးအကြိမ်ပြည့်မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှမရရှိသေးသော ကလေးငယ်များအား (Catch-up) နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်၊ ဒဂုံလွင်လမ်းနှင့် သမာဓိလမ်းထောင့်ရှိ မေတ္တာပုညကာရီဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to